Uncategorized

Sep
02

(၉၉) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုဟောပြောပွဲ နှင့် ကဗျာ/စာစီစာကုံးပြိုင်ပွဲ

(၉၉) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုဟောပြောပွဲကို (၂၈-၈-၂၀၁၉)ရက်နေ့ နေ့လယ် (၂ : ၀၀)နာရီတွင် မအူပင်တက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဆရာကြီးနှင့် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာအောင်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး မအူပင်တက္ကသိုလ် သမိုင်းဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာတင်တင်လှက (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောခဲ့ပါသည်။ ဟောပြောပွဲမစခင် အမျိုးသားအောင်ပွဲနေ့အကြို ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို (၂၈-၈-၂၀၁၉) ရက်နေ့ (၁၀:၀၀) နာရီမှ (၁၁ : ၀၀) နာရီထိ Theatre ၌ ကျင်းပခဲ့ရာ “အမျိုးသားနေ့နှင့်ပြည့်အားမာန်” ခေါင်းစဉ်ဖြင့် မြန်မာစာ ကျောင်းသူ(၄)ဦး၊ ဓာတုဗေဒကျောင်းသူ(၁)ဦး၊ ရူပဗေဒကျောင်းသူ(၁)ဦး၊ သင်္ချာကျောင်းသူ (၁)ဦး […]

By MUB Admin | Uncategorized
DETAIL
Aug
19

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျန်းမာရေး အသိပညာပေးဟောပြောပွဲ

ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို (၁၉-၈-၂၀၁၉) ရက်နေ့တွင် မအူပင်တက္ကသိုလ် ပင်မဆောင် ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာအောင်ကျော်မှ အဖွင့်အမှာစကားပြောကြားပြီး မအူပင်မြို့နယ် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသုခချမ်းက ရာသီတုတ်ကွေးနှင့် မူးယစ်ဆေးအန္တရာယ် သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးအရာရှိ ဒေါက်တာဇော်ဝင်းလှိုင်က HIV နှင့် HBV အကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးအရာရှိ ဒေါက်တာကျော်ထွဋ်ဝင်းက Oral and Hand Hygene အကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စာသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများကိုလည်းကောင်း အသီးသီးပညာပေးဟောပြောခဲ့ရာ ပါမောက္ခချုပ်ဆရာကြီးနှင့်တစ်ကွ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူအများအပြားတက်ရောက်ခဲ့ကြပါသည်။ ဟောပြောပွဲအပြီးတွင် ဆရာဆရာမများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြပါသည်။

By MUB Admin | Uncategorized
DETAIL
Aug
15

(၁၇)ကြိမ်မြောက်အာရုဏ်ဆွမ်းလောင်းလှူပွဲ

မအူပင်တက္ကသိုလ်၏ (၁၇)ကြိမ်မြောက် အာရုဏ်ဆွမ်းလောင်းလှူပွဲကို (၉-၈-၂၀၁၉) ရက်နေ့ (သောကြာနေ့) တွင်ကျင်းပပြုလုပ်ခဲ့ပြီး ပင့်သံဃာ အပါး(၁၀၀၀)ကျော်တို့အား အာရုဏ်ဆွမ်းများဖြင့် ဆက်ကပ် လှူဒါန်းလောင်းလှူခဲ့ပါသည်။

By MUB Admin | Uncategorized
DETAIL