၂၀၁၉ ခုနှစ် လူငယ်တွေအတွက် အခွင့်အလမ်းပေါင်း များစွာရှိတဲ့ YETAGUN YOUTH PROGRAM SEASON-IV မှာပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခြင်း

၂၀၁၉ ခုနှစ် လူငယ်တွေအတွက် အခွင့်အလမ်းပေါင်း များစွာရှိတဲ့ YETAGUN YOUTH PROGRAM SEASON-IV မှာပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခြင်း

၂၀၁၉ ခုနှစ် Yetagun Youth Program – Season IV တွင်ပညာရေး၊ ကျန်းမာရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စွမ်းအင်ဆိုသည့် ကဏ္ဍ(၅)ခုမှ တစ်ခုနှင့် သက်ဆိုင်သည့် Project Proposal များကိုအသင်းလိုက်ယှဉ်ပြိုင်ကြရမည်ဖြစ်ပါသည်။

တစ်သင်းလျှင်အသင်းသား(၂)ဦး မှ(၄)ဦး အထိပါဝင်နိုင်ပြီး အဆင့်ဆင့်ယှဉ်ပြိုင်ရမည့် တံခွန်စိုက် ပြိုင်ပွဲမျိုးဖြစ်ပါသည်။ အသက်(၁၆)နှစ်မှ(၂၃)နှစ်ကြား  မြန်မာနိုင်ငံသား လူငယ်တိုင်း ပါဝင်ယှဉ်ပြိုင် နိုင်ပြီး တက္ကသိုလ်တွင် ပညာသင်ကြားနေသော လူငယ်များသာမက ပြင်ပမှလူငယ်များလည်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါသည်။

မိမိပတ်ဝန်းကျင်လူမှုအသိုင်းအဝိုင်းအား ပိုမိုကောင်းမွန်စေမည့်၊ တစိတ်တဒေသ အထောက် အကူ ဖြစ်စေ မည့် စိတ်ကူးအကြံဉာဏ် ရှိသောလူငယ်များ အသင်းလိုက် စုပေါင်းပါဝင် ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးကောင်း တစ်ရပ်လည်း  ဖြစ်ပါသည်။

Season IV ကိုလည်း မြန်မာတစ်နိုင်ငံလုံးမှ လူငယ်များ အတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ် သွားပါမည်။  တစ်နိုင်ငံလုံးမှယှဉ်ပြိုင်ပေးပို့လာသော Project Proposal များထဲမှ အရည်အချင်းစစ် အဆင့် ရွေးချယ်ခံရသော (၁၆)သင်းသည် နေပြည်တော်ရှိ လူငယ်ဖွံ့ဖြိုးရေး စခန်းပြုလုပ် ထားသော ဟိုတယ်တွင် (၂)ရက်ကြာ စခန်းသွင်းလေ့ကျင့်သင်ကြားခွင့်ကိုအခမဲ့ရရှိပါမည်။

ယနေ့ခေတ်လူငယ်တို့အတွက်မရှိမဖြစ်လိုအပ်သော Soft Skill များဖြစ်သည့် Proposal Writing Skill, Presentation Skill,  Creative Thinking Skill နှင့် Teamwork Skill တို့ကို စာတွေ့ လက်တွေ့ သင်ကြား မြှင့်တင် ပေးပါမည်။စခန်းသွင်းနေစဉ်အတွင်းမိမိတို့၏ Project Proposal များကို ပြန်လည်မွမ်းမံ ပြင်ဆင် ကြရပါမည်။

(၂)ရက်ကြာစခန်းသွင်းလေ့ကျင့်သင်ကြားပြီးနောက် (၃) ရက်မြောက်နေ့မှာ အကြိုဗိုလ်လုပွဲ အဆင့် ( Semi Final Round ) ကို Presentation များနဲ့အသင်းလိုက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး  အသင်း (၈)သင်းအား အကဲဖြတ် ဒိုင်များမှ အမှတ်ပေးစည်းမျဉ်းနှင့်အညီ ရွေးချယ်သွားမှာဖြစ်ပါသည်။ ရွေးချယ်ခံရတဲ့ အသင်းတွေကိုဆုငွေကျပ် (၂၀၀,၀၀၀) စီချီးမြှင့်ပေးသွားပါမည်။

နောက်ဆုံးအဆင့်ပြိုင်ပွဲ (Final Round) ကိုတော့ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ရွေးချယ် ခံရတဲ့ အသင်း(၈)သင်းမှပိုမိုပြည့်စုံတဲ့ Presentation များနဲ့ အသင်းလိုက် ယှဉ်ပြိုင် ကြရမှာ ဖြစ်ပါသည်။ ပြိုင်ပွဲ နှစ်ဆင့် စလုံးမှာ ဒိုင်လူကြီးတွေရဲ့ မေးခွန်းတွေကို ထိရောက်စွာ ပြန်လည် ဖြေကြားရမှာဖြစ်ပါသည်။

ပထမဆု (၁) ဆု၊ဒုတိယဆု (၁) ဆု၊တတိယဆု (၁)ဆုနဲ့ ပရိတ်သတ်အကြိုက်ဆုံးဆု (၁)ဆု တို့ကို ချီးမြှင့်ပေးမှာပါ။

“ပိုမိုကောင်းမွန်တဲ့အနာဂတ်ကိုရဲတံခွန်လူငယ်အစီအစဉ်နဲ့ဖန်တီးကြရအောင်”

လူငယ်တွေအတွက်အခွင့်အလမ်းပေါင်းများစွာရှိတဲ့ YETAGUN YOUTH PROGRAM SEASON-IV မှာပါဝင်ယှဉ်ပြိုင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

#YETAGUN

#YOUTH_PROGRAM