၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုမယ် ပြိုင်ပွဲနှင့် အနုပညာဖျော်ဖြေပွဲ

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုမယ် ပြိုင်ပွဲနှင့် အနုပညာဖျော်ဖြေပွဲ


မအူပင်တက္ကသိုလ်၏ ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲနှင့် အနုပညာဖျော်ဖြေပွဲကို (၁၃-၈-၂၀၁၉) ရက်နေ့တွင် ပင်မဆောင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဖွင့်အမှာစကားကို ဒုတိယပါမောက္ခချုပ် ဒေါက်တာလွင်လွင်မြင့်မှ ပြောကြားပြီး အနုပညာစင်တင်ပွဲကို ဘာသာရပ် အသီးသီးမှ အစီအစဉ် ၁၇ ရပ်ဖြင့် စည်ကားသိုက်မြိုက်စွာ ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။
ဘာသာရပ်အသီးသီးမှ ကာယဗလမောင် ၉ ဦး နှင်‌့ ကာယကြံ့ခိုင်မှုမယ် ၁၄ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး
ကာယဗလမောင်ပြိုင်ပွဲတွင်
မောင်ကျော်ဇင်ထက် (၁ဒ-၅) (ပထမဆု)
မောင်သူရအောင် (၂ပ-၁၂) (ဒုတိယဆု)
မောင်ဇင်မောင်မောင် (၄အ-၆၅) (တတိယဆု)
မောင်ရန်အေး (၁ဘ-၁၂၄) (စတုတ္ထဆု)
မောင်ဝေဘုန်းမြင့် (၁ဒ-၃၉) (ပဉ္စမဆု)

ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲတွင်
မလွန်းပိုးဖြူ (၄ရခ-၂၇) (ပထမဆု)
မယွန်းပန်းအိမ် (၃ပ-၃၅) (ဒုတိယဆု)
မအင်ကြင်းမေ (၃ရပ-၁၈) (တတိယဆု)
မနေခြည်ကျော်ထွန်း (၂သခ-၉၃) (စတုတ္ထဆု)
မထက်ထက်နိုင် (၂ပ-၆၂) (ပဉ္စမဆု) အသီးသီးရရှိခဲ့ကြပါသည်။
ကာယကြံ့ခိုင်မှုမယ် ပထမဆုအား ဒုတိယပါမောက္ခချုပ် ဒေါက်တာလွင်လွင်မြင့် မှ ပေးအပ်ချီးမြှင့်ပြီး ကာယဗလမောင် ပထမဆုအား ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းမြင့်သိန်းမှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။