ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ

ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ


၂၀၁၈-၂၀၁၉ ပညာသင်နှစ် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေး ဟောပြောပွဲကို (၁၅-၈-၂၀၁၉) ရက်နေ့တွင် မအူပင်တက္ကသိုလ် ပင်မဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်နှင့်တစ်ကွ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာအောင်ကျော်မှ အဖွင့်အမှာစကားပြောကြားပြီး အမှတ် (၁၈၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရဲအုပ်ဇော်ဇော်နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစံသိန်းဦး တို့မှ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ၊ လိုက်နာရမည့် အချက်များ၊ ယာဉ်တိုက်ခိုက်မှု ယာဉ်တိမ်းမှောက်မှု ဖြစ်ပွါးပါက ယာဉ်မောင်းများအတွက် ကျခံရမည့် ပြစ်ဒဏ်နှင့် ဥပဒေပုဒ်မများ၊ ယာဉ်မောင်းနှင်ခြင်းမပြုမီ ကြိုတင်စစ်ဆေးရမည့်အချက်များတို့ကို ပြည့်ပြည့်စုံစုံဖြင့် စုံလင်စွာ ပြောကြားသွားခဲ့ပါသည်။