၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ


ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို (၁၉-၈-၂၀၁၉) ရက်နေ့တွင် မအူပင်တက္ကသိုလ် ပင်မဆောင် ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာအောင်ကျော်မှ အဖွင့်အမှာစကားပြောကြားပြီး မအူပင်မြို့နယ် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသုခချမ်းက ရာသီတုတ်ကွေးနှင့် မူးယစ်ဆေးအန္တရာယ် သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးအရာရှိ ဒေါက်တာဇော်ဝင်းလှိုင်က HIV နှင့် HBV အကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးအရာရှိ ဒေါက်တာကျော်ထွဋ်ဝင်းက Oral and Hand Hygene အကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စာသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများကိုလည်းကောင်း အသီးသီးပညာပေးဟောပြောခဲ့ရာ ပါမောက္ခချုပ်ဆရာကြီးနှင့်တစ်ကွ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူအများအပြားတက်ရောက်ခဲ့ကြပါသည်။
ဟောပြောပွဲအပြီးတွင် ဆရာဆရာမများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြပါသည်။