Higher Education Quality Assurance Standard and Criteria အတွေ့အကြုံရှင်းလင်းပွဲ

Higher Education Quality Assurance Standard and Criteria အတွေ့အကြုံရှင်းလင်းပွဲ


မအူပင်တက္ကသိုလ်၏ Higher Education Quality Assurance Standard and Criteria အတွေ့အကြုံရှင်းလင်းပွဲကို ၂၀-၈-၂၀၁၉ ရက်နေ့တွင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် နှင့်တစ်ကွ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြားရေးဌာနမှ ပါမောက္ခ(ဌာနမှူး)များနှင့် စီမံအရာရှိများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်ဆရာကြီးဒေါက်တာအောင်ကျော်မှ အဖွင့်အမှာစကားပြောကြားကာ ပထဝီဝင်ဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာစိုးဝင်းမှ Higher Education Quality Assurance Standard and Criteria နှင့်ပတ်သက်သည့် အတွေ့အကြုံများကိုရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ IQA နှင့်ပတ်သက်၍ အဖွဲ့များဖွဲ့ ဆောင်ရွက်သွားရန်၊ လုပ်ငန်းတာဝန်များကိုလည်း ခွဲဝေချထားရန်နှင့် IQA ပတ်သက်သည့် Criteria ၁၅ခုကိုလည်းအဖွဲ့များနှင့်ဖွဲ့၍ ဆောင်ရွက်သွားရန် ဝိုင်းဝန်း ဆွေးနွေးကြပါသည်။