(၉၉) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုဟောပြောပွဲ နှင့် ကဗျာ/စာစီစာကုံးပြိုင်ပွဲ

(၉၉) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုဟောပြောပွဲ နှင့် ကဗျာ/စာစီစာကုံးပြိုင်ပွဲ


(၉၉) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုဟောပြောပွဲကို (၂၈-၈-၂၀၁၉)ရက်နေ့ နေ့လယ် (၂ : ၀၀)နာရီတွင် မအူပင်တက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဆရာကြီးနှင့် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာအောင်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး မအူပင်တက္ကသိုလ် သမိုင်းဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာတင်တင်လှက (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောခဲ့ပါသည်။
ဟောပြောပွဲမစခင် အမျိုးသားအောင်ပွဲနေ့အကြို ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို (၂၈-၈-၂၀၁၉) ရက်နေ့ (၁၀:၀၀) နာရီမှ (၁၁ : ၀၀) နာရီထိ Theatre ၌ ကျင်းပခဲ့ရာ “အမျိုးသားနေ့နှင့်ပြည့်အားမာန်” ခေါင်းစဉ်ဖြင့် မြန်မာစာ ကျောင်းသူ(၄)ဦး၊ ဓာတုဗေဒကျောင်းသူ(၁)ဦး၊ ရူပဗေဒကျောင်းသူ(၁)ဦး၊ သင်္ချာကျောင်းသူ (၁)ဦး တို့က စာစီစာကုံး၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး “အမျိုးသားအောင်ပွဲမှသည် —— ရှေ့သို့ချီ ” ခေါင်းစဉ်ဖြင့် မြန်မာစာကျောင်းသား(၂)ဦး၊ သင်္ချာကျောင်းသူ(၁)ဦးတို့က ကဗျာ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။