
(Cash Providing Ceremony of Paukphaw Scholarship Project) ပညာသင်ဆု ချီးမြှင့်ပွဲ အခမ်းအနား
တရုတ်နိုင်ငံဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း (Chian Foundation For Poverty Alleviation) ပေါက်ဖော်ပညာသင်ဆုထောက်ပံ့ရေးစီမံချက် (Paukphaw Scholarship Project) ပညာသင်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို (၁၇-၉-၂၀၁၉) ရက်နေ့တွင် မအူပင်တက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာအောင်ကျော်မှ အဖွင့်အမှာစကား ပြောကြားပြီး Paukphaw Scholarship Program Manager ဦးစီုးမိုးအောင်မှ ပညာသင်ဆုနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြား ခဲ့ပါသည်။
၄င်းနောက် မအူပင်တက္ကသိုလ် ဘာသာရပ် ပေါင်းစုံမှ ကျောင်းသားကျောင်းသူ (၅၀) ဦးအား ပညာသင်ဆု များ ပေးအပ် ချီးမြှင့်ပြီး အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။