
ကမ္ဘာ့ဆရာများနေ့ဖိတ်ကြားလွှာ
ကမ္ဘာ့ကုလသမဂ္ဂယူနက်စကိုအဖွဲ့ကြီးက ကြီးမှူးကာ ၁၉၉၄ ခုနှစ်မှစတင်၍ နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ (၅)ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ (World Teachers’ Day) အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့တစ်ဝန်း ကျင်းပလာခဲ့ရာ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၀၀ ၌ “ ကမ္ဘာ့ဆရာများနေ့ ” ကို ကျင်းပလာခဲ့ ကြပါသည်။
“ပူဇာစပူဇနေယျာနံ” ပူဇော်ထိုက်သူကို ပူဇော်ရခြင်းသည် မြတ်သောမင်္ဂလာဖြစ်သည်နှင့် အညီ ဆရာ၊ ဆရာမများသည် ပညာကို တတ်မြောက်စေရန်မကဘဲ ဘဝအတွက် “လမ်းပြကြယ်” များလည်း ဖြစ်ပေသည်။
သို့ဖြစ်ပါ၍ မအူပင်တက္ကသိုလ်၌ အငြိမ်းစားယူသွားသော အသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး/ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို (၂၇-၉-၂၀၁၉)ရက်နေ့ (သောကြာနေ့)တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။