ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းအနားကျင်းပခြင်း
ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းကို ၂၇-၉-၂၀၁၉ ရက်နေ့တွင် မအူပင် တက္ကသိုလ် ပင်မဆောင်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားတွင် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာအောင်ကျော် မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
၄င်းနောက် ကန်တော့ခံ ဆရာကြီး ဆရာမကြီးများအား တစ်ဦးချင်းမိတ်ဆက်ပေးပြီးနောက် ပါမောက္ခချုပ်ဆရာကြီးမှ ဦးဆောင်၍ အငြိမ်းစားယူသွားကြသော ဆရာကြီးဆရာမကြီးများအား ကန်တော့ခံ ပစ္စည်းများ ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသော ဆရာဆရာမများ ဝန်ထမ်းများမှ ဝန်ချတောင်းပန် ကန်တော့ ခဲ့ကြပါသည်။
ကန်တော့ခံဆရာကြီးဆရာမကြီး တစ်ဦးချင်းစီမှလည်း အမှာစကားများ ပြန်လည်ပြောကြားခဲ့ကြပြီး အခမ်းအနားအပြီးတွင် ကန်တော့ခံ ဆရာကြီး ဆရာမကြီးများအား နေ့လည်စာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြပါသည်။