၂၀၁၈-၂၀၁၉ ပညာသင်နှစ် မဂ္ဂဇင်းကလောင်ရှင်ဂုဏ်ပြုပွဲအခမ်းအနား

၂၀၁၈-၂၀၁၉ ပညာသင်နှစ် မဂ္ဂဇင်းကလောင်ရှင်ဂုဏ်ပြုပွဲအခမ်းအနား

မအူပင်တက္ကသိုလ်၂၀၁၈-၂၀၁၉ ပညာသင်နှစ် မဂ္ဂဇင်းကလောင်ရှင်ဂုဏ်ပြုပွဲအခမ်းအနားကို (၂၄-၁၀-၂၀၁၉)ရက်နေ့တွင် ပင်မဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာလွင်လွင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မဂ္ဂဇင်းကော်မတီဥက္ကဌ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဥမ္မာမြင့်က ကလောင်ရှင်ဂုဏ်ပြုပွဲ ကျင်းပခြင်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီး ကလောင်ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ငွေသဇင် ပုံနှိပ်တိုက်မှ ဒေါ်ခင်ငွေရီက မအူပင်တက္ကသိုလ် ဓမ္မာရုံတည်ဆောက်ရေးအတွက် အလှူငွေ ငါးသိန်းကျပ်တိတိကို ပေးအပ်လှူဒါန်းခဲ့ပါသည်။