မျှော်မှန်းချက် (Vision)

သင်ယူမှုဆိုင်ရာ သင့်တော်သည့်အချက်များနှင့် ပြည့်စုံသူများကို ပညာသင်ယူခွင့်ရရန် တံခါးဖွင့် ပေးထားသည့် ဘာသာရပ်များ၊ နိုင်ငံတကာအဆင့်ရှိ ခေါင်းဆောင်မှုဆိုင်ရာ အရည်အသွေးများ၊ ဦးဆောင်စွန့်စားသည့် စိတ်ဓာတ်များ၊ ကျွမ်းကျင်သော ဗဟုသုတများ၊ နားလည်နိုင်သည့် စွမ်းရည်နှင့် တွေးခေါ်ချင့်ချိန်သိမြင်နိုင်မှုများ၊ လက်တွေ့လုပ်ဆောင်နိုင်သည့် အင်အားနှင့်စိတ်ကူးများကို ပြုစုပျိုး ထောင်ပေးမည်။

လုပ်ငန်းတာဝန် (Mission)


  • မအူပင်တက္ကသိုလ် ဆရာ၊ဆရာမများ၏ အရည်အသွေး အဆင့်အတန်း မြင့်မားအောင် ဆောင်ရွက်ရန်
  • သင်ကြားရေး၊ သုတေသနပြုရေး၊ ကာယဥာဏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ပေါင်းစည်းညှိနှိုင်းဆောင်ရွက်ရန်အတွက် မူဝါဒချမှတ်ရန်
  • တက္ကသိုလ်ပညာရပ်ဆိုင်ရာ ၀န်ကျင်းကောင်းဖြစ်အောင် ဆောင်ရွက်ရန်
  • တက္ကသိုလ်တွင်း ပညာအရည်အသွေး အကဲဖြတ်စစ်ဆေးရေးအဖွဲ့နှင့် တက္ကသိုလ်ပြင်ပ ပညာအရည် အသွေး အကဲဖြတ် စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းရန်
  • ကျောင်းသား၊ကျောင်းသူများ၏ ပညာရေးဆိုင်ရာ အရည်အချင်း အဆင့်အတန်း မြင့်မားအောင် ဆောင်ရွက်ရန်၊ ပညာသင်ကြားရေး၊ နေထိုင်ရေး၊ စည်းကမ်းလိုက်နာရေးတို့ကို စီမံခန့်ခွဲရန်
  • သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများနှင့်ပတ်သက်၍ ကြီးကြပ်မှုအဖွဲ့ဖွဲ့ရန်
  • လိုအပ်သည့် ဆရာ၊ဆရာမ၊ အမှုထမ်း၊ အရာထမ်းများ ခန့်အပ်ဖွဲ့စည်း တာဝန်ပေးရန်
  • နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များနှင့် ကိုက်ညီသော ပညာရပ်များ သင်ကြားရန်
  • အသိဥာဏ်ပညာတိုးပွားရေး၊ ပြန့်ပွားရေး၊ ဖြန့်ချီရေးနှင့် သုတေသနလုပ်ငန်းများအတွက် စီမံချက် များ ထားရှိဆောင်ရွက်ရန်
  • တက္ကသိုလ်၏ ဘွဲ့အသီးသီး ချီးမြှင့်အပ်နှင်းရန်
  • ပြည်တွင်း တက္ကသိုလ်၊ ပြည်ပတက္ကသိုလ်များ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်ရန်

မအူပင်တက္ကသိုလ်တွင်တာဝန်ထမ်းဆောင်လျှက်ရှိသည့်ပါမောက္ခချုပ်နှင့်ဒုတိယပါမောက္ခချုပ်များ
Dr. Aung Kyaw
Dr.Aung Kyaw
Rector
DrWMTP DrLLMP
Dr.Win Myint Thein Dr.Lwin Lwin Myint
Pro-Rector Pro-Rector
မအူပင်တက္ကသိုလ်တွင်တာဝန်ထမ်းဆောင်သွားသောပါမောက္ခချုပ်များ
U Saw Win P DrHtayLinMaungP DrThanWinP
U Saw Win Dr.Htay Linn Maung Dr.Than Win
Rector Rector Rector
(19.8.2004)-(13.6.2008) (13.7.2012)-(28.3.2017) (1.9.2017)-(27.4.2018)
မအူပင်တက္ကသိုလ်တွင်တာဝန်ထမ်းဆောင်သွားသောဒုတိယပါမောက္ခချုပ်များ
DrAyeAyeTunP DrNiNiOoP DrMinAungP
Dr.Aye Aye Tun Dr.Ni Ni Oo Dr.Min Aung
Pro-Rector Pro-Rector Pro-Rector
(1.2.2009)-(8.7.2011) (1.11.2012)-(27-12-2017) (8.6.2018)-(21-7-2019)