News

Aug
22

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်

မအူပင်တက္ကသိုလ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို (၂၁-၈-၂၀၁၉)ရက်နေ့တွင်ကျင်းပခဲ့ရာ ပါမောက္ခချုပ်ဆရာကြီးဒေါက်တာအောင်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဖွင့်အမှာစကားတွင် သစ်ပင်ဘာကြောင့် စိုက်ဖို့လိုသည်ကို သိဖို့လိုကြောင်း၊ သစ်တောတွေ မရှိတော့ခြင်းဟာ မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် ရာသီဥတု ပြောင်းလဲခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေကို ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုဆိုတာ အငြင်းပွားဖွယ်ရာမရှိကြောင်း၊ ဒီနေ့သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားမှာ ဒီလို ပြောင်းလဲ လာနေတဲ့ သဘာဝပတ်ဝန်းကျင်နှင့် ပြောင်းလဲစေတဲ့အကြောင်းရင်းတွေကို သတိပြုမိစေလိုကြောင်း၊ တစ်ဆက်တည်းမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တဲ့ အပြုအမှုတွေကိုရှောင်ရှားနိုင်ဖို့နှင့် သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထိမ်းသိမ်းဖို့လိုအပ်တယ်ဆို့တဲ့ အသိပညာကိုလည်း ရရှိသွားဖို့ လိုအပ်ကြောင်း၊ သစ်ပင်စိုက်ပျိုးတဲ့ နေရာမှာသတိထားသင့်တဲ့ အချက်(၂)ချက်ရှိကြောင်း၊ ပထမအချက်က- သစ်ပင်စိုက်ရတာက လွယ်ကူကြောင်း၊ လူအတော်များများကလည်း သစ်ပင်စိုက်ပြီးတာနှင့် မိမိတာဝန် ကြေပြီဟုယူဆနေကြောင်း၊ ပိုပြီးအရေးကြီးတာက စိုက်ထားတဲ့အပင်ကို ရှင်သန်ကြီးထွားအောင် ဆက်လက် ထိမ်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ကြောင်း၊ ဒုတိယအချက်က-သစ်ပင်ကို […]

By MUB Admin | Gallery
DETAIL
Aug
22

Higher Education Quality Assurance Standard and Criteria အတွေ့အကြုံရှင်းလင်းပွဲ

မအူပင်တက္ကသိုလ်၏ Higher Education Quality Assurance Standard and Criteria အတွေ့အကြုံရှင်းလင်းပွဲကို ၂၀-၈-၂၀၁၉ ရက်နေ့တွင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် နှင့်တစ်ကွ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြားရေးဌာနမှ ပါမောက္ခ(ဌာနမှူး)များနှင့် စီမံအရာရှိများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဆရာကြီးဒေါက်တာအောင်ကျော်မှ အဖွင့်အမှာစကားပြောကြားကာ ပထဝီဝင်ဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာစိုးဝင်းမှ Higher Education Quality Assurance Standard and Criteria နှင့်ပတ်သက်သည့် အတွေ့အကြုံများကိုရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ IQA နှင့်ပတ်သက်၍ အဖွဲ့များဖွဲ့ ဆောင်ရွက်သွားရန်၊ လုပ်ငန်းတာဝန်များကိုလည်း ခွဲဝေချထားရန်နှင့် IQA ပတ်သက်သည့် Criteria ၁၅ခုကိုလည်းအဖွဲ့များနှင့်ဖွဲ့၍ ဆောင်ရွက်သွားရန် ဝိုင်းဝန်း ဆွေးနွေးကြပါသည်။

By MUB Admin | Gallery
DETAIL
Aug
19

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျန်းမာရေး အသိပညာပေးဟောပြောပွဲ

ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို (၁၉-၈-၂၀၁၉) ရက်နေ့တွင် မအူပင်တက္ကသိုလ် ပင်မဆောင် ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာအောင်ကျော်မှ အဖွင့်အမှာစကားပြောကြားပြီး မအူပင်မြို့နယ် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသုခချမ်းက ရာသီတုတ်ကွေးနှင့် မူးယစ်ဆေးအန္တရာယ် သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးအရာရှိ ဒေါက်တာဇော်ဝင်းလှိုင်က HIV နှင့် HBV အကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးအရာရှိ ဒေါက်တာကျော်ထွဋ်ဝင်းက Oral and Hand Hygene အကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စာသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများကိုလည်းကောင်း အသီးသီးပညာပေးဟောပြောခဲ့ရာ ပါမောက္ခချုပ်ဆရာကြီးနှင့်တစ်ကွ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူအများအပြားတက်ရောက်ခဲ့ကြပါသည်။ ဟောပြောပွဲအပြီးတွင် ဆရာဆရာမများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြပါသည်။

By MUB Admin | Uncategorized
DETAIL
Aug
19

ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေး ဟောပြောပွဲကို (၁၅-၈-၂၀၁၉) ရက်နေ့တွင် မအူပင်တက္ကသိုလ် ပင်မဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်နှင့်တစ်ကွ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာအောင်ကျော်မှ အဖွင့်အမှာစကားပြောကြားပြီး အမှတ် (၁၈၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရဲအုပ်ဇော်ဇော်နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစံသိန်းဦး တို့မှ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ၊ လိုက်နာရမည့် အချက်များ၊ ယာဉ်တိုက်ခိုက်မှု ယာဉ်တိမ်းမှောက်မှု ဖြစ်ပွါးပါက ယာဉ်မောင်းများအတွက် ကျခံရမည့် ပြစ်ဒဏ်နှင့် ဥပဒေပုဒ်မများ၊ ယာဉ်မောင်းနှင်ခြင်းမပြုမီ ကြိုတင်စစ်ဆေးရမည့်အချက်များတို့ကို ပြည့်ပြည့်စုံစုံဖြင့် စုံလင်စွာ ပြောကြားသွားခဲ့ပါသည်။

By MUB Admin | Gallery
DETAIL
Aug
15

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုမယ် ပြိုင်ပွဲနှင့် အနုပညာဖျော်ဖြေပွဲ

မအူပင်တက္ကသိုလ်၏ ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲနှင့် အနုပညာဖျော်ဖြေပွဲကို (၁၃-၈-၂၀၁၉) ရက်နေ့တွင် ပင်မဆောင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဖွင့်အမှာစကားကို ဒုတိယပါမောက္ခချုပ် ဒေါက်တာလွင်လွင်မြင့်မှ ပြောကြားပြီး အနုပညာစင်တင်ပွဲကို ဘာသာရပ် အသီးသီးမှ အစီအစဉ် ၁၇ ရပ်ဖြင့် စည်ကားသိုက်မြိုက်စွာ ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။ ဘာသာရပ်အသီးသီးမှ ကာယဗလမောင် ၉ ဦး နှင်‌့ ကာယကြံ့ခိုင်မှုမယ် ၁၄ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကာယဗလမောင်ပြိုင်ပွဲတွင် မောင်ကျော်ဇင်ထက် (၁ဒ-၅) (ပထမဆု) မောင်သူရအောင် (၂ပ-၁၂) (ဒုတိယဆု) မောင်ဇင်မောင်မောင် (၄အ-၆၅) (တတိယဆု) မောင်ရန်အေး (၁ဘ-၁၂၄) (စတုတ္ထဆု) မောင်ဝေဘုန်းမြင့် (၁ဒ-၃၉) (ပဉ္စမဆု) ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲတွင် မလွန်းပိုးဖြူ (၄ရခ-၂၇) (ပထမဆု) မယွန်းပန်းအိမ် (၃ပ-၃၅) (ဒုတိယဆု) မအင်ကြင်းမေ (၃ရပ-၁၈) […]

By MUB Admin | Gallery
DETAIL