News

Oct
29

၂၀၁၈-၂၀၁၉ ပညာသင်နှစ် မဂ္ဂဇင်းကလောင်ရှင်ဂုဏ်ပြုပွဲအခမ်းအနား

မအူပင်တက္ကသိုလ်၂၀၁၈-၂၀၁၉ ပညာသင်နှစ် မဂ္ဂဇင်းကလောင်ရှင်ဂုဏ်ပြုပွဲအခမ်းအနားကို (၂၄-၁၀-၂၀၁၉)ရက်နေ့တွင် ပင်မဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာလွင်လွင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မဂ္ဂဇင်းကော်မတီဥက္ကဌ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဥမ္မာမြင့်က ကလောင်ရှင်ဂုဏ်ပြုပွဲ ကျင်းပခြင်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီး ကလောင်ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ငွေသဇင် ပုံနှိပ်တိုက်မှ ဒေါ်ခင်ငွေရီက မအူပင်တက္ကသိုလ် ဓမ္မာရုံတည်ဆောက်ရေးအတွက် အလှူငွေ ငါးသိန်းကျပ်တိတိကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

By MUB Admin | Gallery
DETAIL
Oct
22

မအူပင်တက္ကသိုလ် ကွန်ပျူတာသင်တန်း အမှတ်စဉ်(၂) ဖွင့်ပွဲ အခမ်းအနား

မအူပင်တက္ကသိုလ် ကွန်ပျူတာသင်တန်း အမှတ်စဉ်(၂) ဖွင့်ပွဲ အခမ်းအနားကို (B-13) တွင် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာလွင်လွင်မြင့်ကအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

By MUB Admin | Gallery
DETAIL
Oct
19

မအူပင်တက္ကသိုလ်တွင်International Relation Office သင်တန်းနှင့်သက်ဆိုင်သော(Institute of International Education)USA Online Courseသင်တန်းဖွင့်ပွဲအခမ်းအနား

မအူပင်တက္ကသိုလ်တွင်International Relation Office သင်တန်းနှင့်သက်ဆိုင်သော(Institute of International Education)USA Online Course သင်တန်းဖွင့်ပွဲအခမ်းအနားကို Conference Roomတွင် (19-10-2019  )နေ့တွင်ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်ဆရာကြီးဒေါက်တာအောင်ကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးသင်တန်းအားစတင်ဖွင့်လှစ်ခဲ့ပါသည်။

By root | Gallery
DETAIL
Oct
01

ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းအနားကျင်းပခြင်း

ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းကို ၂၇-၉-၂၀၁၉ ရက်နေ့တွင် မအူပင် တက္ကသိုလ် ပင်မဆောင်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားတွင် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာအောင်ကျော် မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ၄င်းနောက် ကန်တော့ခံ ဆရာကြီး ဆရာမကြီးများအား တစ်ဦးချင်းမိတ်ဆက်ပေးပြီးနောက် ပါမောက္ခချုပ်ဆရာကြီးမှ ဦးဆောင်၍ အငြိမ်းစားယူသွားကြသော ဆရာကြီးဆရာမကြီးများအား ကန်တော့ခံ ပစ္စည်းများ ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသော ဆရာဆရာမများ ဝန်ထမ်းများမှ ဝန်ချတောင်းပန် ကန်တော့ ခဲ့ကြပါသည်။ ကန်တော့ခံဆရာကြီးဆရာမကြီး တစ်ဦးချင်းစီမှလည်း အမှာစကားများ ပြန်လည်ပြောကြားခဲ့ကြပြီး အခမ်းအနားအပြီးတွင် ကန်တော့ခံ ဆရာကြီး ဆရာမကြီးများအား နေ့လည်စာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြပါသည်။

By MUB Admin | Gallery
DETAIL
Sep
26

ကမ္ဘာ့ဆရာများနေ့ဖိတ်ကြားလွှာ

ကမ္ဘာ့ကုလသမဂ္ဂယူနက်စကိုအဖွဲ့ကြီးက ကြီးမှူးကာ ၁၉၉၄ ခုနှစ်မှစတင်၍ နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ (၅)ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ (World Teachers’ Day) အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့တစ်ဝန်း ကျင်းပလာခဲ့ရာ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၀၀ ၌ “ ကမ္ဘာ့ဆရာများနေ့ ” ကို ကျင်းပလာခဲ့ ကြပါသည်။ “ပူဇာစပူဇနေယျာနံ” ပူဇော်ထိုက်သူကို ပူဇော်ရခြင်းသည် မြတ်သောမင်္ဂလာဖြစ်သည်နှင့် အညီ ဆရာ၊ ဆရာမများသည် ပညာကို တတ်မြောက်စေရန်မကဘဲ ဘဝအတွက် “လမ်းပြကြယ်” များလည်း ဖြစ်ပေသည်။ သို့ဖြစ်ပါ၍ မအူပင်တက္ကသိုလ်၌ အငြိမ်းစားယူသွားသော အသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး/ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို (၂၇-၉-၂၀၁၉)ရက်နေ့ (သောကြာနေ့)တွင်  ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။

By MUB Admin | Gallery
DETAIL