၁၇-၁၂-၂၀၂၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် မအူပင်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စည်းကမ်းဥပဒေလိုက်နာရေးနှင့် မအူပင်တက္ကသိုလ် သန့်ရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ကျင်းပြုလုပ်ခဲ့ရာ မအူပင်တက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦးက အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။
အခမ်းအနားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းမှ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးအောင်ပြည့်ကျော်က ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ထိန်းသိမ်းခြင်းအကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒဿနိကဗေဒဌာနမှ တတိယနှစ် ဂုဏ်ထူးတန်း မနုနုဝါနှင့် အရှေ့တိုင်းပညာဌာနမှ မဟာဝိဇ္ဇာပထမနှစ်ကျောင်းသူ မအိမ့်ခြူးစံတို့က သတ္တဝါအားလုံးအသက်ရှည် နေထိုင်ဖို့သဘာဝပတ်ဝန်းကျင်ကို ကိုယ်ကျင့်တရားဖြင့် ထိန်းသိမ်းစို့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဓာတုဗေဒဌာနမှ ဒုတိယနှစ်မဟာသိပ္ပံကျောင်းသူ မသင်းသင်းအောင်က ပလပ်စတစ် အမှိုက် အန္တရာယ်အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ အင်္ဂလိပ်စာဌာနမှ စတုတ္ထနှစ် ကျောင်းသား မောင်သော်ထက်နိုင်နှင့် မောင်ဟိန်းမင်းပြည့်တို့က ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်း၏ အရေးပါမှုအားလည်းကောင်း၊ မြန်မာစာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာထင်လင်းလှိုင်က မအူပင်တက္ကသိုလ် သန့်ရှင်းရေး စီမံချက်အတွက် စာပေပြိုင်ပွဲများအကြောင်းကို လည်းကောင်း အသီးသီး ဟောပြော ဆွေးနွေးခဲ့ကြပါသည်။











