၂၀၂၄-၂၀၂၅၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို (၁၁-၇-၂၀၂၅)(သောကြာနေ့) မအူပင်တက္ကသိုလ်၊ ဘွဲ့နှင်းခမ်းမ၌ ကျင်းပခဲ့ရာ ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာဝင်းဝင်းအိက အဖွင့်အမှာစကားပြောကြားပြီး ခရိုင် ကညန ဦးစီး ဒေါ်သဉ္ဇာအောင်၊ ခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဒုရဲမှူးမိုးမြင့်ကို၊ စိစစ်ရေးမှူး-၂ ဦးအောင်ကျော်ဆန်းတို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့် အချက်များကို အသိပညာပေး ဟောပြောခဲ့ပြီး အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပါသည်။








