၂၀၂၅-၂၀၂၆ ပညာသင်နှစ် (၂၀၂၅-အောင်) မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား

၂၀၂၅-၂၀၂၆ ပညာသင်နှစ် (၂၀၂၅-အောင်) မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ၃၀-၁၂-၂၀၂၅ ရက်နေ့တွင် မအူပင်တက္ကသိုလ် ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ (၁၁း၁၅) နာရီတွင် ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ မအူပင်ခရိုင်အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မအူပင်တက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး၊ ပါမောက္ခ(ဌာနမှူး)များ နှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက အဆိုအကများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ် မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ မအူပင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီနီဦးက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ် မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက်စကားများကို အသီးသီးပြောကြားခဲ့ပါသည်။

အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ ဧည့်သည်တော်များ သည် ဘာသာရပ်ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။