လူငယ်သီတင်းပတ်လှုပ်ရှားမှုအခမ်းအနား တွင် လူငယ်ပန်းတိုင်လှမ်းကိုင်နိုင်ဖို့ရာ ဟောပြောပွဲကို (၅-၉-၂၀၂၃) ရက်နေ့တွင် ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အုပ်ချုပ်ရေးကောင်စီများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် မအူပင်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာနီနီဦး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာရွှေဝါတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပါ သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မအူပင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီနီဦးမှ လူငယ်သီတင်းပတ်လှုပ်ရှားမှု ကျင်းပရခြင်း အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဒဿနိကဗေဒအထူးပြု ကျောင်းသူလေးများမှ “လောကအားမာန်” သီချင်းဖြင့် စုပေါင်းအကပဒေသာဖြင့်လည်းကောင်း၊ အရှေ့တိုင်းပညာအထူးပြု ကျောင်းသူလေးများမှ “မျှော်လင့်နေတုန်းပျို့ဘုန်းလှမ်းခဲ့ပါ” သီချင်းဖြင့် စုပေါင်းအကဗဒေသာဖြင့်လည်းကောင်း၊ အင်္ဂလိပ်စာ အထူးပြုကျောင်းသား မောင်လှထွန်းခိုင်ဦးမှ “ရွှေမိုးရွာ” သီချင်းဖြင့် တစ်ကိုယ်တော် ကပြဖျော်ဖြေမှုဖြင့် လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ကပြဖျော်ဖြေသော ကျောင်းသား၊ ကျောင်းသူများ ကို ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ပါသည်။ ဂုဏ်ပြုဆုငွေကို ကျောင်းသားကျောင်းသူများကိုယ်စား မအူပင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီနီဦးမှ ဆုလက်ခံရယူခဲ့ပါသည်။
အခမ်းအနားအပြီးတွင် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။