၂၃-၈-၂၀၂၃ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀:၀၀) နာရီတွင် မအူပင်တက္ကသိုလ် မိုးလုံလေလုံအားကစား ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ စီမံအရာရှိများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ရုံးဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီးဦးအေးလွင် နှင့် ရဲအုပ်အောင်ထွန်းဦးတို့က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး ဒုတိယ ရဲမှူးမိုးမြင့်တို့က ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ခရိုင် ဦးစီးမှုးဦးမျိုးလွင်ဦးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပါသည်။