Admission
ဘွဲ့ကြို(ပထမဘွဲ့) တက်ရောက်ရန် လိုအပ်ချက်များ (Requirements for the First Degree)
တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။ ပထမနှစ်သင်တန်း (၂၀၂၄-၂၀၂၅) ပညာသင်နှစ် အတွက်
-
တက္ကသိုလ်ဝင် (၂၀၂၄ ခုနှစ်)အောင်မြင်ပြီးသူဖြစ်ရမည်။
-
ယခင်နှစ်ဟောင်း တက္ကသိုလ်ဝင်အောင်မြင်သူများသည် အဝေးသင် သင်တန်းသို့သာ လျှောက်ထားခွင့် ရှိသည်။
-
တက္ကသိုလ်၊ ဒီဂရီကောလိပ်အရ သက်ဆိုင်ရာဘာသာရပ်များတွင် သတ်မှတ်ထားသော တက္ကသိုလ် ဝင်တန်းအမှတ်စာရင်းလိုအပ်သည်။
-
သတ်မှတ်ထားသော နယ်မြေ၊ ဒေသအတွင်း နေထိုင်သူဖြစ်ရမည်။
ဘွဲ့ကြို (ဂုဏ်ထူးဘွဲ့)အတွက် လိုအပ်ချက်များ (Requirements for Honours Degree)
ဒုတိယနှစ်သင်တန်း Semester တိုင်းရှိ Credit Unit “4” သတ်မှတ်ထားသော Core Course များအနက် Core Course (၂)ခုတွင် တစ်ခုစီ၌ Grade Point (GP) 5 ရရှိပြီး၊ Grade Point Average (GPA) 4 နှင့်အထက် ရရှိရမည်။
မဟာဘွဲ့အတွက် လိုအပ်ချက်များ (Requirements for the Master Degree)
-
မဟာအရည်အချင်းစစ်သင်တန်းအောင်မြင်သူဖြစ်ရမည်။
-
တတိယနှစ်ဂုဏ်ထူးတန်းတွင် ဒုတိယတန်း (ဒုတိယအဆင့်)နှင့်အထက် အောင်မြင်သူ ဖြစ်ရမည်။
-
စီးပွားရေးပညာအထူးပြုများအတွက် စတုတ္ထနှစ်သင်တန်း၌ Grade Point (CGPA) (4.5) နှင့်အထက်ရရှိသူ ဖြစ်ရမည်။
ပေးအပ်ချီးမြှင့်သောဘွဲ့များ
မအူပင်တက္ကသိုလ်တွင် ဘာသာရပ်ဌာနအသီးသီးမှ ပေးအပ်ချီးမြှင့်သော ဘွဲ့ကြိုဘွဲ့ (ဝိဇ္ဇာဘွဲ့/သိပ္ပံဘွဲ့) များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ဝိဇ္ဇာနှင့်လူမှုဗေဒမဟာဌာန (Faculty of Arts and Humanities)
ဝိဇ္ဇာနှင့်လူမှုဗေဒမဟာဌာနအောက်ရှိ လေးနှစ်သင်တန်းများ(ဝိဇ္ဇာဘွဲ့) တွင်ပါဝင်သည့် ဘာသာရပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
-
မြန်မာစာ
-
အင်္ဂလိပ်စာ
-
အရှေ့တိုင်းပညာ
လူမှုသိပ္ပံမဟာဌာန (Faculty of Social Sciences)
လူမှုသိပ္ပံမဟာဌာနအောက်ရှိ လေးနှစ်သင်တန်းများ(ဝိဇ္ဇာဘွဲ့) တွင်ပါဝင်သည့် ဘာသာရပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
-
ပထဝီဝင်
-
သမိုင်း
-
ဒဿနိကဗေဒ
-
စီးပွားရေးပညာ
သဘာဝသိပ္ပံမဟာဌာန (Faculty of Natural Science)
သဘာဝသိပ္ပံမဟာဌာနအောက်ရှိ လေးနှစ်သင်တန်းများ(သိပ္ပံဘွဲ့) တွင်ပါဝင်သည့် ဘာသာရပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
-
ဓါတုဗေဒ
-
ရူပဗေဒ
-
သင်္ချာ
-
သတ္တဗေဒ
-
ရုက္ခဗေဒ
-
ပတ်ဝန်းကျင်သိပ္ပံပညာ
-
ဘူမိဗေဒ