(၁၈.၇.၂၀၂၅) ရက်နေ့တွင် မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ နားလည်မှုစာချွန်လွှာ(MoU) အခြေပြု မအူပင်တက္ကသိုလ်နှင့် ထိုင်းနိုင်ငံ Buriram Rajabhat University ၏ အလုပ်ရုံဆွေးနွေးပွဲ

(၁၈.၇.၂၀၂၅) ရက်နေ့တွင် မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌  နားလည်မှုစာချွန်လွှာ(MoU) အခြေပြု မအူပင်တက္ကသိုလ်နှင့် ထိုင်းနိုင်ငံ Buriram Rajabhat University ၏ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနီနီဦးမှ အဖွင့်အမှာစကားကိုပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ lnstitute of SociaI Technology, Suranaree University of Technology မှ Professor Dr. Dhirawit Pinyonatthagarn က AI for Sustainable Education in the Next Read more

၂၀၂၄-၂၀၂၅၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနား

၂၀၂၄-၂၀၂၅၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို (၁၁-၇-၂၀၂၅)(သောကြာနေ့) မအူပင်တက္ကသိုလ်၊ ဘွဲ့နှင်းခမ်းမ၌ ကျင်းပခဲ့ရာ ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာဝင်းဝင်းအိက အဖွင့်အမှာစကားပြောကြားပြီး ခရိုင် ကညန ဦးစီး ဒေါ်သဉ္ဇာအောင်၊ ခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဒုရဲမှူးမိုးမြင့်ကို၊ စိစစ်ရေးမှူး-၂ ဦးအောင်ကျော်ဆန်းတို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့် အချက်များကို အသိပညာပေး ဟောပြောခဲ့ပြီး အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပါသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲကို (၁-၇-၂၀၂၅ မှ ၇-၇-၂၀၂၅ အထိ) မအူပင်တက္ကသိုလ် ၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

လူငယ်သီတင်းပတ်လှုပ်ရှားမှုအခမ်းအနားများကျင်းပခြင်း

လူငယ်သီတင်းပတ်လှုပ်ရှားမှုအခမ်းအနား တွင် လူငယ်ပန်းတိုင်လှမ်းကိုင်နိုင်ဖို့ရာ ဟောပြောပွဲကို (၅-၉-၂၀၂၃) ရက်နေ့တွင် ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အုပ်ချုပ်ရေးကောင်စီများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် မအူပင်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာနီနီဦး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာရွှေဝါတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပါ သည်။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မအူပင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီနီဦးမှ လူငယ်သီတင်းပတ်လှုပ်ရှားမှု ကျင်းပရခြင်း အကြောင်းကို Read more

လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း

၂၃-၈-၂၀၂၃ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀:၀၀) နာရီတွင် မအူပင်တက္ကသိုလ် မိုးလုံလေလုံအားကစား ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ စီမံအရာရှိများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ရုံးဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီးဦးအေးလွင် နှင့် ရဲအုပ်အောင်ထွန်းဦးတို့က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး ဒုတိယ ရဲမှူးမိုးမြင့်တို့က ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ခရိုင် ဦးစီးမှုးဦးမျိုးလွင်ဦးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပါသည်။