၂၀၂၄-၂၀၂၅ ပညာသင်နှစ် ၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲကို (၁-၇-၂၀၂၅ မှ ၇-၇-၂၀၂၅ အထိ) မအူပင်တက္ကသိုလ် ၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

လူငယ်သီတင်းပတ်လှုပ်ရှားမှုအခမ်းအနားများကျင်းပခြင်း

လူငယ်သီတင်းပတ်လှုပ်ရှားမှုအခမ်းအနား တွင် လူငယ်ပန်းတိုင်လှမ်းကိုင်နိုင်ဖို့ရာ ဟောပြောပွဲကို (၅-၉-၂၀၂၃) ရက်နေ့တွင် ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အုပ်ချုပ်ရေးကောင်စီများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် မအူပင်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာနီနီဦး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာရွှေဝါတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပါ သည်။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မအူပင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီနီဦးမှ လူငယ်သီတင်းပတ်လှုပ်ရှားမှု ကျင်းပရခြင်း အကြောင်းကို Read more

လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း

၂၃-၈-၂၀၂၃ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀:၀၀) နာရီတွင် မအူပင်တက္ကသိုလ် မိုးလုံလေလုံအားကစား ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ စီမံအရာရှိများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ရုံးဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီးဦးအေးလွင် နှင့် ရဲအုပ်အောင်ထွန်းဦးတို့က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး ဒုတိယ ရဲမှူးမိုးမြင့်တို့က ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ခရိုင် ဦးစီးမှုးဦးမျိုးလွင်ဦးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပါသည်။

ကြော်ငြာစာ

မအူပင်တက္ကသိုလ်တွင် International Quality Assurance (IQA) ရုံးလုပ်ငန်းနှင့် International Relation Office (IRO) ရုံးလုပ်ငန်းများ ဆောင်ရွက်ရန် ရုံးအကူ (နေ့စား) ပုတ်ပြတ် (၃၆၀၀ိ/-) နှုန်းဖြင့် (၂) ဦးခန့်ထားရန်အတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများသည် ဖော်ပြပါ လျှောက်လွှာပုံစံကိုရယူဖြည့်စွက်၍လည်းကောင်း (သို့မဟုတ်) မအူပင်တက္ကသိုလ် ပင်မဆောင် အောက်ထပ်တွင် လျှောက်လွှာပုံစံများကို ရယူဖြည့်စွက်၍ လည်းကောင်း စီမံရေးရာဌာနသို့ (၃၁-၁-၂၀၂၁) ရက်နေ့နောက်ဆုံးထား ပြန်လည်ပေးပို့ လျှောက်ထားနိုင်ပါသည်။

Study with Australia Campaign – Australian Online Higher Education Showcase – (FREE Australia Online Short Courses) သင်တန်းများ

မြန်မာနိုင်ငံ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်စေရန် ရည်ရွယ်၍ (၄-၆-၂၀၂၀)ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျ သံအမတ်ကြီး Ms. Andrea Faulkner တို့ Video Conferencing ဖြင့် ပြုလုပ်သည့် အစည်းအဝေး၏ ညှိနှိုင်းဆွေးနွေးချက်အရ Study with Australia Campaign – Australian Online Higher Education Showcase – (FREE Australia Online Short Courses) သင်တန်းများကို အောက်ပါလင့်များမှ ဝင်ရောက်ကြည့်ရှု့နိုင်ပါသည် Read more