မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဟောပြောပွဲ အခမ်းအနား

မအူပင်တက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကို (၂၅-၆-၂၀၂၆)ရက်နေ့ နံနက် (၉း၃၀)နာရီတွင် မအူပင်တက္ကသိုလ် ပင်မဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အမျိုးသား၊အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ

မအူပင်တက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို (၂၃-၆-၂၀၂၆) ရက်နေ့မှ (၂၆-၆-၂၀၂၆) ရက်နေ့အထိ မအူပင်တက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

မအူပင်တက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား

မအူပင်တက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို (၁၅-၁-၂၀၂၆) ရက်နေ့မှ (၂၇-၁-၂၀၂၆) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆက်လက်၍  ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၂၇-၁-၂၀၂၆) ရက်နေ့ ညနေ(၅း၀၀)နာရီတွင် ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ဆုရရှိသော အသင်းများနှင့် တစ်ဦးချင်း အကောင်းဆုံးဆုရရှိသူများကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ(ဌာနမှူး)များက ဆုများအသီးသီးပေးအပ်ခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ နှစ်ဦးဆွမ်းကပ်အလှူ၊ ရဟန်းခံရှင်ပြုနှင့် ဓမ္မာရုံအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း အခမ်းအနား

၂၀၂၆ ခုနှစ်၊ နှစ်ဦးဆွမ်းကပ်အလှူ၊ ရဟန်းခံရှင်ပြုနှင့် ဓမ္မာရုံအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း အခမ်းအနားကို (၇-၁-၂၀၂၆) ရက်နေ့တွင် မအူပင်တက္ကသိုလ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် (၂၀၂၅-အောင်) မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား

၂၀၂၅-၂၀၂၆ ပညာသင်နှစ် (၂၀၂၅-အောင်) မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ၃၀-၁၂-၂၀၂၅ ရက်နေ့တွင် မအူပင်တက္ကသိုလ် ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ (၁၁း၁၅) နာရီတွင် ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ မအူပင်ခရိုင်အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မအူပင်တက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး၊ ပါမောက္ခ(ဌာနမှူး)များ နှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက အဆိုအကများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ် မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ Read more