မအူပင်တက္ကသိုလ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဝိဇ္ဇာဘာသာရပ်နှင့် သိပ္ပံဘာသာရပ် သုတေသနစာတမ်းဖတ်ပွဲ

မအူပင်တက္ကသိုလ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဝိဇ္ဇာဘာသာရပ်နှင့် သိပ္ပံဘာသာရပ် သုတေသနစာတမ်းဖတ်ပွဲကို ၂၃-၁၂-၂၀၂၅ ရက်နေ့မှ ၂၄-၁၂-၂၀၂၅ ရက်နေ့ထိ မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စာတမ်းရှင်များမှ စာတမ်းများ အသီးသီးဖတ်ကြားပြီး၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် သုတေသန စာတမ်းရှင်များအား ဂုဏ်ပြုအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

၁၇-၁၂-၂၀၂၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စည်းကမ်းဥပဒေလိုက်နာရေးနှင့် မအူပင်တက္ကသိုလ် သန့်ရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနား

၁၇-၁၂-၂၀၂၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် မအူပင်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စည်းကမ်းဥပဒေလိုက်နာရေးနှင့် မအူပင်တက္ကသိုလ် သန့်ရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ကျင်းပြုလုပ်ခဲ့ရာ မအူပင်တက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦးက အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။ အခမ်းအနားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းမှ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးအောင်ပြည့်ကျော်က ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့်  ထိန်းသိမ်းခြင်းအကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒဿနိကဗေဒဌာနမှ တတိယနှစ် ဂုဏ်ထူးတန်း မနုနုဝါနှင့် အရှေ့တိုင်းပညာဌာနမှ မဟာဝိဇ္ဇာပထမနှစ်ကျောင်းသူ မအိမ့်ခြူးစံတို့က သတ္တဝါအားလုံးအသက်ရှည် နေထိုင်ဖို့သဘာဝပတ်ဝန်းကျင်ကို Read more

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ် ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ် ပြိုင်ပွဲကို ၃၁-၁၁-၂၀၂၅ ရက်နေ့တွင် မအူပင်တက္ကသိုလ် အားကစားကွင်း၌ ကျင်းပခဲ့ရာ အားကစားနည်း ၁၀ မျိုး ယှဉ်ပြိုင်ကစားပြီး၊     (၅-၁-၂၀၂၆) ရက်နေ့တွင် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆုပေးပွဲအခမ်းအနားတွင် မအူပင်တက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပြေးခုန်ပစ် ဆပ်ကော်မတီဝင်များ တက်ရောက်၍ ဆုများချီးမြှင့် ပေးအပ်ခဲ့ပါသည်။

ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းအနား

ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းအနားကို (၃၀-၉-၂၀၂၅) ရက်နေ့တွင် မအူပင်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်း ကလောင်ရှင်ဂုဏ်ပြုပွဲအခမ်းအနား

၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်း ကလောင်ရှင်ဂုဏ်ပြုပွဲအခမ်းအနားကို (၆-၈-၂၀၂၅) (ဗုဒ္ဓဟူး)နေ့တွင် မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦးမှ အဖွင့်အမှာစကားပြောကြားပြီး ကလောင်ရှင်များအား ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦး၊ ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာဝင်းဝင်းအိ၊ ဒုတိယပါမောက္ခချုပ်ဆရာကြီးဒေါက်တာသန်းအောင်ထွေး၊ ဘူမိဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး)ဒေါက်တာကြည်ကြည်မော် နှင့် မြန်မာစာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဆွေဆွေသန်းတို့က ကလောင်ရှင်များအား ဂုဏ်ပြုကတ်များ ပေးအပ် ချီးမြှင့်ကာ မှတ်တမ်းတင်ဓာတ်ပုံများ စုပေါင်းရိုက်ကူးခဲ့ကြပါသည်။