History

တက္ကသိုလ်၏နောက်ခံသမိုင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ (၁၈-၂-၂၀၀၂) ရက်နေ့တွင် စတင် ဖွင့်လှစ် သင်ကြားခဲ့ပါသည်။
တည်ရှိရာမြို့ကို အစွဲပြု၍ မအူပင်တက္ကသိုလ်(Maubin University) ဖြစ်၍ သင်္ကေတအဖြစ် (mub)ဟု သုံးစွဲသွားပါမည်။
မအူပင်တက္ကသိုလ် တည်နေရာမှာ ((16° 42′ 07″ N- 16° 42′ 22″ W နှင့် 95° 39′ 20″ E- 95° 35′ 55″ E) ကြားတွင် တည်ရှိပြီး  ဧရိယာအကျယ်အဝန်းအားဖြင့် (67.07)   ဧကကျယ်ဝန်းပါသည်။
မအူပင်မြို့သည် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှ 74 KM (46.25 Mile) ကွာဝေးပြီး ၎င်းမြို့မှ တစ်ဆင့် ကားလမ်းဖြင့် လာရောက်နိုင်ပါသည်။ (၂) နာရီခန့် ကြာမြင့်ပါသည်။
ထို့ပြင် ရန်ကုန်မြို့လယ်ရှိ ပန်းဆိုးတန်းဆိပ်ကမ်းမှ (၁၀) မိနစ်ခန့် ရေလမ်းခရီးဖြင့် ဒလသို့ သွား ရောက်ပြီး ထိုမှ တစ်ဆင့် ကားလမ်းဖြင့် လာရောက်နိုင်သည်။ မအူပင်မြို့သည် ဒလနှင့် 70 km (73.75 mile) ကွာဝေးပြီး (၁:၃၀) နာရီ ခန့်ကြာမြင့်သည်။

Logo ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

ပညာတိုးမြှင့်တိုင်းကျိုးတင့် ဆောင်ပုဒ်သည်   – ပညာရည်မြင့်မားလျှင် တိုင်းပြည်လည်းပိုမိုဖွံ့ဖြိုးတင့်တယ်လာမည်။ ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့ဟူသော အဆိုကို ညွှန်း ဆိုပါ သည်။
ထိပ်ဆုံးမှ စာအုပ်သည် – ပညာရပ်အသီးသီးကို ညွှန်းဆိုပါသည်။
ဘွဲ့ဦးထုပ်သည် – အတတ်ပညာရှင် အသိပညာရှင်အသီးသီးကို ရည်ညွှန်းပါသည်။
စပါးနှံသည် – စိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးမူဝါဒကိုလည်းကောင်း၊ တစ်နိုင်ငံလုံး စပါးစိုက်ပျိုးမှု၏ လေးပုံတစ်ပုံစိုက်ပျိုးထုတ်လုပ်ပေးနေသော ဧရာဝတီတိုင်း၏ ထွက်ကုန်ကိုလည်းကောင်း ဒေသကြွယ်ဝမှုကို လည်းကောင်း ရည်ညွှန်းပါသည်။
လှေသည် – အကြေအညာကုန်ဖလှယ်မှု သင်္ကေတ၊ ကုန်စည်စီးဆင်းရာ နဒီဧရာ၏ ဒေသဖွံ့ဖြိုးမှု သဘာဝကို ညွှန်းဆိုပါသည်။
ရေလှိုင်းသည် – ဧရာဝတီရေပြာကြည်ကို ကိုယ်စားပြုပါသည်။

အရောင်အညွှန်း

စာအုပ်အဖြူရောင်သည် – ပညာ၏အလင်း၊ တိကျမှု၊ သန့်စင်မှု
နောက်ခံနှင့်ဘွဲ့ဦးထုပ်အနက်ရောင်သည် – ပညာ၏ ရင့်ကျက်မှု ၊ တိကျပြတ်သားမှု
နောက်ခံပန်းရောင်သည် – ရသပညာနှင့် ထိန်းကွပ်မှု
စပါးရွှေဝါသည် – ကြွယ်ဝမှု၊ အေးချမ်းသာယာမှု
နောက်ခံအပြာသည် – ငြိမ်းအေးမှု၊ ကြည်လင်မှု
လှေ၏အညိုရောင်သည် – မြေကြီးကဲ့သို့ ကြံ့ခိုင်မှု၊ တည်မြဲမှု
ရေလှိုင်းပြာသည် – ငြိမ်းအေးမှု၊ ကြည်လင်မှု
နောက်ခံအဝါသည် – အသိဉာဏ်ထွန်းလင်းမှုကိုဖော်ညွှန်းပါသည်။