News & Events

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ် ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ် ပြိုင်ပွဲကို ၃၁-၁၁-၂၀၂၅ ရက်နေ့တွင် မအူပင်တက္ကသိုလ် အားကစားကွင်း၌ ကျင်းပခဲ့ရာ အားကစားနည်း ၁၀ မျိုး ယှဉ်ပြိုင်ကစားပြီး၊     (၅-၁-၂၀၂၆) ရက်နေ့တွင် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆုပေးပွဲအခမ်းအနားတွင် မအူပင်တက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပြေးခုန်ပစ် ဆပ်ကော်မတီဝင်များ တက်ရောက်၍ ဆုများချီးမြှင့် ပေးအပ်ခဲ့ပါသည်။

ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းအနား

ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းအနားကို (၃၀-၉-၂၀၂၅) ရက်နေ့တွင် မအူပင်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်း ကလောင်ရှင်ဂုဏ်ပြုပွဲအခမ်းအနား

၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်း ကလောင်ရှင်ဂုဏ်ပြုပွဲအခမ်းအနားကို (၆-၈-၂၀၂၅) (ဗုဒ္ဓဟူး)နေ့တွင် မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦးမှ အဖွင့်အမှာစကားပြောကြားပြီး ကလောင်ရှင်များအား ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦး၊ ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာဝင်းဝင်းအိ၊ ဒုတိယပါမောက္ခချုပ်ဆရာကြီးဒေါက်တာသန်းအောင်ထွေး၊ ဘူမိဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး)ဒေါက်တာကြည်ကြည်မော် နှင့် မြန်မာစာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဆွေဆွေသန်းတို့က ကလောင်ရှင်များအား ဂုဏ်ပြုကတ်များ ပေးအပ် ချီးမြှင့်ကာ မှတ်တမ်းတင်ဓာတ်ပုံများ စုပေါင်းရိုက်ကူးခဲ့ကြပါသည်။

မအူပင်တက္ကသိုလ်၏ (၂၃)ကြိမ်မြောက် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲအခမ်းအနား

မအူပင်တက္ကသိုလ်၏ (၂၃)ကြိမ်မြောက် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲအခမ်းအနားကို ၃၁-၇-၂၀၂၅ ရက်နေ့တွင် တက္ကသိုလ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ဝါဆိုသင်္ကန်းနှင့် ပတ်သက်သော တရားတော်များကို နာယူကာ လှူဘွယ်ပစ္စည်း တို့အတွက် ရေစက်သွန်းချအမျှပေးဝေကာဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား ဘူဖေး ထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။

၂၀၂၄-၂၀၂၅၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၊ ဆက်သွယ်ရေးလိမ်လည်မှုနှင့် ဆက်စပ်ဖြစ်ပေါ်သော ငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးများအန္တရာယ် အသိပညာပေးဟောပြောပွဲ အခမ်းအနား

၂၀၂၄-၂၀၂၅၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၊ ဆက်သွယ်ရေးလိမ်လည်မှုနှင့် ဆက်စပ်ဖြစ်ပေါ်သော ငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးများအန္တရာယ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ၂၉-၇-၂၀၂၅ (အင်္ဂါနေ့) တွင် မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းအိက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားတွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှ ယာယီရဲမှူးခင်မောင်ညွန့် က အွန်လိုင်းငွေကြေးလိမ်လည်မှု ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ခေါင်းစဉ်ဖြင့်လည်းကောင်း  အသိပညာပေးဟောပြောခဲ့ပါသည်။ ဒုတိယပါမောက္ခချုပ် Read more