မအူပင်တက္ကသိုလ်၏ (၂၃)ကြိမ်မြောက် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲအခမ်းအနား

မအူပင်တက္ကသိုလ်၏ (၂၃)ကြိမ်မြောက် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲအခမ်းအနားကို ၃၁-၇-၂၀၂၅ ရက်နေ့တွင် တက္ကသိုလ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ဝါဆိုသင်္ကန်းနှင့် ပတ်သက်သော တရားတော်များကို နာယူကာ လှူဘွယ်ပစ္စည်း တို့အတွက် ရေစက်သွန်းချအမျှပေးဝေကာဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား ဘူဖေး ထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။