(၁၈.၇.၂၀၂၅) ရက်နေ့တွင် မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ နားလည်မှုစာချွန်လွှာ(MoU) အခြေပြု မအူပင်တက္ကသိုလ်နှင့် ထိုင်းနိုင်ငံ Buriram Rajabhat University ၏ အလုပ်ရုံဆွေးနွေးပွဲ

(၁၈.၇.၂၀၂၅) ရက်နေ့တွင် မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌  နားလည်မှုစာချွန်လွှာ(MoU) အခြေပြု မအူပင်တက္ကသိုလ်နှင့် ထိုင်းနိုင်ငံ Buriram Rajabhat University ၏ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနီနီဦးမှ အဖွင့်အမှာစကားကိုပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ lnstitute of SociaI Technology, Suranaree University of Technology မှ Professor Dr. Dhirawit Pinyonatthagarn က AI for Sustainable Education in the Next Decade ခေါင်းစဉ်နှင့် Machine Translation ခေါင်းစဉ်တို့ဖြင့်လည်‌ကောင်း၊ ထိုင်းနိုင်ငံ Buriram Rajabhat University မှ Associate Professor Dr. Akkarapon Nuemaihom က Techniques of Getting a Research Paper Published in International Journals ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောပို့ချခဲ့ပြီး မအူပင်တက္ကသိုလ်  အနုပညာအသင်း မှ ကျောင်းသားကျောင်းသူများက ကရင်ရိုးရာတေးသရုပ်အကဖြင့်လည်းကောင်း၊ မအူပင်တက္ကသိုလ် တေးသီချင်းကို သံပြိုင်သီဆိုလျက် တေးသရုပ်ဖော်အကဖြင့်လည်းကောင်း၊ ချင်းရိုးရာအကဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့ကြပြီး Professor Dr. Dhirawit Pinyonatthagarn အား ကရင်ရိုးရာဝတ်စုံနှင့် ချင်းရိုးရာဝတ်စုံတို့အား အမှတ်တရ ဆင်မြန်းပေးပါသည်။ မအူပင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီနီဦးက Professor Dr. Dhirawit Pinyonatthagarn  အား အမှတ်တရ လက်ဆောင်များ ပေးအပ်ကာ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။