၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်း ကလောင်ရှင်ဂုဏ်ပြုပွဲအခမ်းအနား

၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်း ကလောင်ရှင်ဂုဏ်ပြုပွဲအခမ်းအနားကို (၆-၈-၂၀၂၅) (ဗုဒ္ဓဟူး)နေ့တွင် မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦးမှ အဖွင့်အမှာစကားပြောကြားပြီး ကလောင်ရှင်များအား ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦး၊ ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာဝင်းဝင်းအိ၊ ဒုတိယပါမောက္ခချုပ်ဆရာကြီးဒေါက်တာသန်းအောင်ထွေး၊ ဘူမိဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး)ဒေါက်တာကြည်ကြည်မော် နှင့် မြန်မာစာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဆွေဆွေသန်းတို့က ကလောင်ရှင်များအား ဂုဏ်ပြုကတ်များ ပေးအပ် ချီးမြှင့်ကာ မှတ်တမ်းတင်ဓာတ်ပုံများ စုပေါင်းရိုက်ကူးခဲ့ကြပါသည်။