၂၀၂၄-၂၀၂၅၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၊ ဆက်သွယ်ရေးလိမ်လည်မှုနှင့် ဆက်စပ်ဖြစ်ပေါ်သော ငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးများအန္တရာယ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ၂၉-၇-၂၀၂၅ (အင်္ဂါနေ့) တွင် မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းအိက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားတွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှ ယာယီရဲမှူးခင်မောင်ညွန့် က အွန်လိုင်းငွေကြေးလိမ်လည်မှု ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ပါသည်။
ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းအိက မအူပင်ခရိုင်၊ မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှ ယာယီရဲမှူးခင်မောင်ညွန့် အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။




